POS Handheld Device Package အတွက် Basic Package ကုန်ကျစရိတ်အပြင် POS Handheld Device အသုံးပြုခအနေဖြင့် တလလျှင် MMK 59,500 ကောက်ခံမှာ ဖြစ်ပါတယ်။
    Basic Package အတွက် Nov 2023 မတိုင်ခင် ပထမဆုံး register ပြုလုပ်သော အရောင်းဆိုင် ၅၀ ကို Early Bird အနေဖြင့် တသက်တာ Platform အခမဲ့ အသုံးပြုခွင့် ပေးထားမှာ ဖြစ်ပါတယ်။ Early Bird မမှီလိုက်သော အရောင်းဆိုင်များအတွက် ရောင်းချသော order ပမာဏ၏ ၅% နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။
    Free Delivery အတွက် ရန်ကုန်မြို့တွင်း order များကို ၂ ရက်မှ ၃ရက် အတွင်း ပို့ဆောင်ခ အခမဲ့နှင့် ပို့ဆောင်ပေးပါသည်။
    Express Delivery အတွက် ညနေ ၅နာရီ မတိုင်ခင် ရရှိသော ရန်ကုန်အတွင်း order များကို Next Day (နောက်ရက်) အတွင်း ပို့ဆောင်ခ ၂၅၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးပါသည်။
    Express Delivery နှင့် Free Delivery ဆိုပြီး ရှိပါတယ်။
    POS handheld device package တွင် Basic Package နှင့် POS Package တို့တွင် ပါဝင်သော feature များအပြင် အလွယ်တကူ အသုံးပြုနိုင်သည့် POS device တစ်လုံးပါ ပါဝင်မှာ ဖြစ်ပါတယ်။ ယင်း POS device တွင် Customer များအတွက် အလွယ်အကူ ဘောက်ချာ ထုတ်နိုင်မည့် printer တခါတည်း ပါရှိခြင်း၊ Inventory management အတွက် stock barcode များ ဖတ်နိုင်သည့် bar code scanner ပါရှိခြင်း၊ Handheld device ဖြစ်သည့်အတွက် အလွယ်တကူ လိုအပ်သလို သယ်ဆောင်သွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါတယ်။ Device အတွက်လည်း Life Time Warranty ပါရှိမှာ ဖြစ်ပါတယ်။
    POS Package သည် Basic package တွင် ပါဝင်သော feature များအပြင် POS feature ကိုပါ အပိုဆောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ POS feature ကို အသုံးပြုခြင်းဖြင့် retail shop တစ်ဆိုင်တွင် အသက်တမျှအရေးကြီးဆုံးဖြစ်သည့် ဆိုင်၏ stock များကို အလွယ်တကူ စီမံခန့်ခွဲနိုင်မည့် inventory management၊ online ရော offline ပါ စီမံခန့်ခွဲနိုင်မည့် အရောင်း POS management၊ ဆိုင်တစ်ဆိုင်လုံး၏ ဝင်ငွေထွက်ငွေကို မျက်ခြေမပြတ် စောင့်ကြည့်နေနိုင်ခြင်း စသည့် ခံစားခွင့်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
    အမေ့အိမ် Basic Package တွင် စျေးဆိုင် ၁ ဆိုင် ဖွင့်လှစ်ခွင့်၊ ကုန်ပစ္စည်း စုစုပေါင်း အရည်အတွက် ၅၀၀ အထိ ပြသ ရောင်းချနိုင်ခွင့်၊ စျေးဝယ်များထံမှ အကန့်အသတ်မဲ့ order များ လက်ခံနိုင်ခွင့်၊ order ငွေပေးခြေမှုများအတွက် အိမ်အရောက်ငွေခြေစနစ် (Cash on Delivery) အပြင် online ငွေပေးခြေမှု စနစ်ပါ သုံးစွဲခွင့်၊ အမေ့အိမ်မှ order များကို အခမဲ့ စျေးဝယ်များထံသို့ ပို့ဆောင်ပေးခြင်း စသည့် ခံစားခွင့်များကို ရရှိမှာ ဖြစ်ပါတယ်။ သို့သော် ဝယ်ယူသူအနေဖြင့် online ငွေပေးခြေမှုကို အသုံးပြုပါက ရောင်းချသူထံမှ ရောင်းရငွေ၏ ၂% ကောက်ခံမည် ဖြစ်ပါတယ်။ ရောင်းချသူသည် စျေးဝယ်ထံမှ order ရပြီး ၄ နာရီအတွင်း အမေ့အိမ် ဘက်မှ order လာကောက်နိုင်ရန် Product ကို ပြင်ဆင်ပေးထားရပါမည်။
    POS Package အတွက် Basic Package ကုန်ကျစရိတ်အပြင် POS feature အသုံးပြုခအနေဖြင့် တလလျှင် MMK 29,500 ကောက်ခံမှာ ဖြစ်ပါတယ်။
    အမေ့အိမ်တွင် ကိုယ်ပိုင် စျေးဆိုင် ဖွင့်နိုင်ရန် mm.mumhome.store သော်လည်းကောင်း အမေ့အိမ် Android / iOS app မှသော်လည်းကောင်း register ပြုလုပ်နိုင်ပါတယ်။ လိုအပ်သော အချက်အလက်များ ဖြည့်သွင်းပြီး admin ဖက်မှ ၄၈ နာရီအတွင်း ဆိုင် account တခုကို ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

About Company

Contact Us

FAQ

Top